Posts

Showing posts from August, 2018

ရုပ်ချောသူများအတွက် အထူးအခွင့်အရေး

ကျွန်တော်တို့ ရုပ်ချောသူများအဖွဲ့ချုပ်(ဗဟို)မှ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အဆင့် တာဝန်ခံများ ခန့်အပ်တာဝန်ပေးလိုသဖြင့် လျှောက်ထားလိုသူများအား ဖိတ်ခေါ်လျက်ရှိပါသည်။ ယငး်သို့လျှောက်ထားရာတွင် ရုပ်ဆိုးသူများ ပါမလာစေရးအတွက် စညး်ကမ်းချက်များ သတ်မှတ်ထားခဲ့သည်။ ယင်းစည်းကမ်းချက်များကြောင့် အမှန်တကယ်ရုပ်ခောျသူများ လျှောက်ထားခွင့် မရဖြစ်နေသည်ကို အဖွဲ့ချုပ်အနေဖြင့် စိတ်မကောင်းစွာ ကြားသိရပါသည်။ သိုပါသောကြောင့် အဖွဲ့ချုပ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသော်လည်း အမှန်တကယ် ရုပ်ချောနေသူဖြစ်ပါက အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်ကြောင်း ရုပ်ချောသူအပေါင်းသူတော်ကောင်းများသို့ အသိပေးအပ်ပါသည်။ ယခင်က သတ်မှတ်ထားခဲ့သည့် အသင်းချုပ်၏ စည်းကမ်းချက်များမှာ ၁။ ရုပ်ချောရမည်။ ၂။ စိတ်သဘောထားကောင်းရမည်။ ၃။ ဗဟိုဥက္ကဋ္ဌ နှစ်ဦး၏ လမ်းညွှန်ချက်ကို တိကျစွာ အကောင်အထ ည်ဖော်နိုင်ရမည်။ ၄။ နယ်မြို့များတွင် နေထိုင်ဖူးသူဖြစ်ရမည်။ ၅။ ဘုန်းကြီးကျောင်းသား လုပ်သက် အထိုက်အလျောက်ရှိရမည်။ ၆။ စိတ်ကျန်းမာရေးအစစ်အဆေးခံနိုင်ရမည်။ ၇။ ရုပ်မချောသူများ လုံးဝ (လုံးဝ) လျှောက်ထားရန်မလိ...

အထူးသတင်းထုတ်ပြန်ချက်

Image
စာအမှတ် - ၁၇၈၆/၂၀၁၈ နေ့စွဲ - ၀ါခေါင်လပြည့်ကျော် တစ်ရက်၊ ၁၃၈၀ ခုနှစ်                   ရုပ်ချောသူများအဖွဲ့ချုပ်ကြီးသည် နေ့စဉ်နှင့်အမျှှ လူထု၏ထောက်ခံမှု ပိုမို ရရှိနေပြီဖြစ်ရာ အဖွဲ့ချုပ်၏ လှုပ်ရှားမှုများနှင့် ပက်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ သတင်းဌာနအသီးသီးကလည်း စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။ သို့ပါ၍ အဖွဲ့ချုပ်၏ ရေးရာကိစ္စများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပက်သက်၍ ပြန်ကြားရေးဌာန တာဝန်ခံ ခန့်အပ်ရန် လိုအပ်နေသည့်အလျောက် အဖွဲ့ချုပ်၏ အထူးပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ယနေ့ပင် ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။ ထိုသို့ရွေးချယ်ရာတွင် အထူးအတိုင်ပင်ခံပုဂ္ဂိုလ်၊ ဥက္ကဌနှစ်ဦးနှင့် အတွင်းရေးမှူးတို့ပါဝင်သော အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ မြောက်ဒဂုံတာဝန်ခံ ခင်ရူပါမော်အား အဖွဲ့ချုပ်၏ ဗဟိုပြန်ကြားရေးဌာနတာဝန်ခံအဖြစ် ခန့်အပ်လိုက်သည်။ ဗဟိုပြန်ကြားရေးဌာနတာဝန်ခံအနေဖြင့် ရာထူးအဆင့်အတန်းနှင့်ညီသော အဆောင်အယောင်များကို ဥပဒေနှင့်အညီ ခံစားခွင့်ရှိသည်။ မိတ္တူကို - ဥက္ကဌနှစ်ဦး - အထူးအတိုင်ပင်ခံပုဂ္ဂိုလ် - အတွင်းရေးမှူး - ပြည်နယ်နှင့်တိုင်း တာဝန်ခံများ - သန်းနှင့်...

သတင်းထုတ်ပြန်ချက်

Image
သတင်းထုတ်ပြန်ချက် စာအမှတ် - ၁၇၈၅/၂၀၁၈  ရက်စွဲ - ၀ါခေါင်လပြည့်နေ့၊ သက္ကရာဇ် ၁၃၈၀ ခုနှစ် ရုပ်ချောသူများအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သည့် ဦးဝဏ္ဏအောင်သည် အသင်းချုပ်ကြီး အောင်မြင်ရေး၊ ရေရှည်တည်တံ့ရေး၊ အသင်းဝင် အင်အားတောင့်တင်းရေး စသည့် လုပ်ငန်းများကို အပတ်တကုတ် ကြိုးစားဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်တွက် အဖွဲ့ချုပ်အနေဖြင့် အထူးပင် ဝမ်းသာမိပါသည်။ ထို့ကြောင့် လက်ရှိအတွင်းရေးမှူးဖြစ်သည့် ဦးဝဏ္ဏအောင်ကို လက်ရှိထက် ပိုမိုကြီးလဲသည့် ရာထူးတာဝန်များ ထမ်းဆောင်သင့်သည်ဟု အဖွဲ့ချုပ်က ယူဆပါသည်။ သို့ပါသောကြောင့် ဦးဝဏ္ဏအောင်အနေဖြင့် ရုပ်ချောသူများအသင်းချုပ်၏ အတွင်းရေးမှူး ရာထူးတာဝန်အပြင် အဖွဲ့ချုပ်လက်အောက်ရှိ မိန်းကလေးငယ်များ ကူညီကယ်ဆယ်စောင့်ရှောက်ရေးကော်မတီတာဝန်ခံ အဖြစ် တာဝန်ပေးအပ်လိုက်သည်။ ပုံ အဖွဲ့ချုပ်ရာထူးခန့်အပ်ရေးအကြီးအကဲ မိတ္တူကို - ဥက္ကဌနှစ်ဦး - အထူးအတိုင်ပင်ပုဂ္ဂိုလ် - တိုင်းနှင့် ပြည်နယ် တာဝန်ခံများ - သန်းနှင့်ချီသော အဖွဲ့ချုပ်အဖွဲ့ဝင်များ
အနယ်နယ်အရပ်ရပ်မှ ရုပ်ချောသူများနှင့် စုစည်းထားသော ရုပ်ချောသူများအသင်းချုပ်သည် ရုပ်ရည်ချောမောမူဖြင့် ကမ္ဘာကြီးကိုအလှဆင်မည့်အပြင် နိုင်ငံဂုဏ်ကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။
ရုပ်ချောသူများအသင်းချုပ်(ဗဟို)ရုံးလိပ်စာ - ဒိုင်းမွန်းကွန်ဒို၊ နာနတ်တော်လမ်းနှင့် ပြည်လမ်းထောင့်၊ ကမာ ရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဆက်သွယ်ရန် အီးမဲလ် yotechawt@gmail.com facebook စာမျက်နှာ - https://www.facebook.com/yotechawthu/

အဖွဲ့ချုပ်တာဝန်ရှိသူများစာရင်း

Image
ရုပ်ချောသူများအသင်းချုပ်၏ တာဝန်ရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။  ရုပ်ချောသူများအသင်းချုပ် အထူးအတိုင်ပင်ပုဂ္ဂိုလ် ဦးမိုးမင်း ရုပ်ချောသူများအသင်းချုပ် ဥက္ကဌ ဦးလင်းဟိန်း(ခ)အောင်ရွှေသိန်း ရုပ်ချောသူများအသင်းချုပ် ဥက္ကဌ ဦးအောင်ဇော်ထွန်း ရုပ်ချောသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏအောင်(လျာထား) ရုပ်ချောသူများအသင်းချုပ်  ကမ္ဘာလုံးဆိုင်ရာ အထူးဆက်ဆံရေးတာဝန်ခံ ဦးအောင်ခိုင် ရုပ်ချောသူများအသင်းချုပ်  ဘဏ္ဍာရေးတာဝန်ခံ ဦးပြည်သိမ်း ရုပ်ချောသူများအဖွဲ့ချုပ်  ဥပဒေဆိုင်ရာအကြံပေး ဦးဖြိုးဝေလင်း ရုပ်ချောသူများအဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်အလှလေးသူဇာ ရုပ်ချောသူများအသင်းချုပ်  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အကြံပေး ဦးထက်အောင်ခန့် ရုပ်ချောသူများအသင်းချုပ် နာယက ဦးမင်းဟိန်းကျော်(လျာထား) ရုပ်ချောသူများအသင်းချုပ် ရန်ကုန်တိုင်းတာဝန်ခံ ဦးငြိမ်းချမ်း(လျာထား) ရုပ်ချောသူများအသင်းချုပ် တနင်္သာရီတိုင်းတာဝန်ခံ ဦးစိုင်းကိုကိုထွန်း(လျာထား) ရုပ်ချောသူများအသင်းချုပ် မန္တလေးတိုင်း...

တိုင်း/ ပြည်နယ်နှင့် မြို့နယ် တာဝန်ခံအဖြစ် လျှောက်ထားနိုင်ကြောင်း ကြေညာချက်

Image
ရုပ်ချောသူများအသင်းချုပ်(ဗဟို)မှ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အဆင့် တာဝန်ခံများ ခန့်အပ်တာဝန်ပေးရန် စီစဉ်လျက်ရှိရာ တာဝန်ခံ ရာထူးလျှောက်ထားလိုသူများအနေဖြင့် အောက်ပါ စည်းကမ်းချက်များနှင့် ကိုက်ညီပါက ဒီနေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။ စည်းကမ်းချက်များမှာ ရုပ်ချောရမည်။ စိတ်သဘောထားကောင်းရမည်။ ဗဟိုဥက္ကဋ္ဌ နှစ်ဦး၏ လမ်းညွှန်ချက်ကို တိကျစွာ အကောင်အထည်ဖော်နိုင်ရမည်။ နယ်မြို့များတွင် နေထိုင်ဖူးသူဖြစ်ရမည်။ ဘုန်းကြီးကျောင်းသား လုပ်သက် အထိုက်အလျောက်ရှိရမည်။ စိတ်ကျန်းမာရေးအစစ်အဆေးခံနိုင်ရမည်။ ရုပ်မချောသူများ လုံးဝ (လုံးဝ) လျှောက်ထားရန်မလိုပါ။ မှတ်ချက် ။ ။ အထက်ပါစည်းကမ်းချက်များနှင့် မပြည့်စုံသော်လည်း ရုပ်ရည်အတိုင်းထက်အလွန်ချောမောနေပါက လျှောက်ထားနိုင်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် ရုပ်ချောသူများ အသင်းချုပ်( ဗဟို)သို့ ဆက်သွယ်နိုင်ပြီး အွန်လိုင်းမှလည်း လျှောက်ထားနိုင်သည်။ ဆက်သွယ်ရန် - yotechawt@gmail.com