ဥက္ကဌရုံး အထူးအကြံပေး ခန့်အပ်ခြင်း
ဥက္ကဌရုံးအထူးအကြံပေး မခင်ပိုးအိမ် ရုပ်ချောသူများအဖွဲ့ချုပ် အနေဖြင့် နိုင်ငံပုံရိပ်မြှင့်တင်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် တာ၀န်ပေးအပ်မှုများ ဆောင်ရွက်လျက်ရှိရာ အဖွဲ့ချုပ် ၏ စည်းကမ်းချက်များနှင့် ညီညွတ်သော မခင်ပိုးအိမ် အား အဖွဲ့ချုပ် ဥက္ကဌရုံး အထူးအကြံပေး အဖြစ်ခန့်အပ်လိုက်သည်။ အဖွဲ့ချုပ်မှ ပေးအပ်သော တာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည့် အရည်အချင်း ပြည့်မီသည့် အပြင် အဖွဲ့ချုပ်၏ ဂုဏ်ဆောင်နိုင်မည်ဟု ယုံကြည်စွာ တာ၀န်ပေးအပ်ခြင်းဖြစ်သည်။ မိမိကိုယ်ကိုယ် ရုပ်ချောသည်ဟု ယုံကြည်သူများအနေဖြင့်လည်း အဖွဲ့ချုပ်က သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီပါက အဖွဲ့၀င်အဖြစ် တာ၀န်ထမ်းဆောင်ခွင့် ရရှိနိုင်ပါသည်။ စည်းကမ်းချက်များကို ဒီ နေရာတွင် လေ့လာနိုင်ပါသည်။ https://yotechawthu.blogspot.com/2018/08/blog-post_28.html